

Thai Thukha Medical Tourism သည် ၂၀၁၂ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှု၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရယူလိုသူများအတွက် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော Medical Service Company တစ်ခုဖြစ်ပါသည်။ကျွန်တော်တို့၏ ကုမ္ပဏီသည် ယုံကြည်စိတ်ချရသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၊ ဆေးရုံများနှင့် ပူးပေါင်း၍ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဆေးကုသမှု၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို စနစ်တကျ စီမံပေးပါသည်။ကျွန်တော်တို့၏ Vision သည် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ဖြေရှင်းချက်များကို ပံ့ပိုးပေးသော ဦးဆောင် Medical Tourism Provider တစ်ခု ဖြစ်လာရန်ဖြစ်ပြီး လူနာများအား ကိုယ်ပိုင်လိုအပ်ချက်နှင့် ကိုက်ညီသော၊ လုံခြုံစိတ်ချရသော၊ စရိတ်သက်သာပြီး ထိရောက်မှုရှိသော ဆေးကုသမှုများကို ရယူနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းဖြစ်ပါသည်။ထို့အပြင် ကျွန်တော်တို့သည် လူနာများ၏ ဆေးကုသရေးခရီးစဉ်တစ်လျှောက်လုံးတွင် အဆင်ပြေချောမွေ့ပြီး စိတ်ဖိစီးမှုမရှိသော Medical Travel Experience ကို ရရှိစေရန် စနစ်တကျ စီမံကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

ဘာကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ရွေးချယ်သင့်သလဲ?
Expert Care: ထိုင်းနိုင်ငံရှိ နာမည်ကြီး အထူးကုဆရာဝန်ကြီး (၂၀၀) ကျော်နှင့် စနစ်တကျ ချိတ်ဆက်ကုသနိုင်ခြင်း။Variety of Choices: အရည်အသွေးမြင့် Private ဆေးရုံကြီးများ၊ အလှအပရေးရာနှင့် Wellness Center ပေါင်း (၄၀) ကျော်ကို မိမိစိတ်ကြိုက် နှိုင်းယှဉ်ရွေးချယ်နိုင်ခြင်း။World-Class Consultants: Mahidol နှင့် Mae Fah Luang (Aesthetic) တက္ကသိုလ်ဆင်း Ph.D နှင့် Masterရ ဆရာဝန်များထံမှ အခမဲ့ (သို့မဟုတ်) အထူးအကြံပေးချက်များ ရယူနိုင်ခြင်း။Cost-Effective Solutions: မိမိအသုံးပြုမည့် ငွေကြေးပမာဏအပေါ် မူတည်ပြီး အထိရောက်ဆုံးနှင့် အသက်သာဆုံး ကုသမှုဖြစ်အောင် စီစဉ်ပေးခြင်း။

စုံစမ်းမေးမြန်းရန်အတွက် လိုအပ်သော အချက်အလက်များ-
လူကြီးမင်း၏ ကျန်းမာရေးအခြေအနေအား အသေးစိတ် စစ်ဆေးအကြံပြုနိုင်ရန်အတွက် အောက်ပါအချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။1. နိုင်ငံကူးလက်မှတ် (Passport)2. လက်ရှိခံစားနေရသော ဝေဒနာနှင့် ကြာမြင့်ချိန်
(Current Symptoms & Duration)3. ယခုသောက်သုံးနေရသော ဆေးဝါးများ
(Current Medications)4. အခြား ရောဂါအခံ ရှိ/မရှိ (Underlying Diseases)
(ဥပမာ - သွေးတိုး၊ နှလုံး၊ ဆီးချို စသည်ဖြင့်)5. ယခင်ကုသမှုမှတ်တမ်းများ
(Previous Doctor Records/Notes)6. ဆေးစစ်ချက်မှတ်တမ်းများ
(ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန် (X-ray)၊ Scan ဖတ်ထားသော အဖြေများနှင့် အခြားစစ်ဆေးမှုမှတ်တမ်းများ။)
MEDICAL FORM ဖြည့်ရန်နှိပ်ပါ

Feedback from Clients
"ထိုင်းသုခ (Thai Thuka) အဖွဲ့နှင့် ကိုဝဏ္ဏတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေရှင်။ ကျွန်မရဲ့ ဝေဒနာကို အမြန်ဆုံးသက်သာ ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် ဆရာဝန်ကောင်းတွေ၊ ဆေးရုံတွေနဲ့ စနစ်တကျ ချိတ်ဆက်ပေးခဲ့ပါတယ်။ မြန်မာဆရာဝန်အဖွဲ့ရဲ့ စိတ်ရှည်လက်ရှည် အကြံပေးမှုနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကြောင့် ကုသမှုတစ်လျှောက်လုံးမှာ စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေခဲ့ပါတယ်။ နောင်လည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"-မမိုး
"ထိုင်းသုခအဖွဲ့ရဲ့ ထိရောက်တဲ့ ချိတ်ဆက်မှုနဲ့ မြန်မာဆရာဝန်တွေရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုကြောင့် ကျွန်တော့်ရဲ့ ကုသမှုဟာ အချိန်တိုအတွင်းမှာ အောင်မြင်ချောမွေ့ခဲ့ပါတယ်။ လူနာအပေါ် စိတ်ရှည်တဲ့ ကိုဝဏ္ဏတို့ ထိုင်းသုခ အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း အောင်မြင်မှုတွေ အများကြီး ရပါစေ။"-ဦးတင်ထွန်း
"ထိုင်းသုခအဖွဲ့သားများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ရောဂါသက်သာဖို့အတွက် အတော်ဆုံးဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးသလို၊ ကိုယ့်ရဲ့ ငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် ဆေးရုံကို ရှာဖွေပေးတာကလည်း အရမ်းကျေးဇူးတင်ဖို့ကောင်းပါတယ်။ မြန်မာဆရာဝန်အဖွဲ့ကလည်း စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးတဲ့အတွက် ကုသမှုမှာ အောင်မြင်ချောမွေ့ခဲ့ပါတယ်။ အခုလိုပဲ လူနာတွေအပေါ် စေတနာထားပြီး အများကြီး အောင်မြင်ပါစေ။"-ဒေါ်ကျင်လှိုင်
ဆက်သွယ်ရန်အချက်အလက်များလူကြီးမင်း၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက အောက်ပါအတိုင်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။


